ဒိုင်ပျိုမယ်တို့  နေမှကောင်းကြရဲ့ လား
ဒိုင်ပျိုမယ်တို့  အဆင်မှပြေကြရဲ့ လား
ငါလွမ်းသလို လွမ်းနေကြမလားလို့ 
တွေ့ မိတဲ့ ခဏ လွမ်းလိုက်တာ..
အနေဝေးလို့  သွေးအေးသွားကြမလား
တစ်နယ်စီဝေးလို့  စိမ်းကားသွားကြမလား
တွေးမိတဲ့ ခဏ စိတ်ပူမိတယ်...
ပညာစုံ၍ လူရာမဝင်ဖြစ်နေကြမလား
တော်ရာကိုစွန့် ခွာလို့  ပျော်ရာမှာမြူးနေကြမလား
တွေးမိတဲ့ ခဏ ကြေးကွဲမိတယ်.....
တားဆီးလို့ မရတဲ့  သတိရခြင်းတွေရှိကြမလား
ရေတွက်လို့ မရတဲ့  အလွမ်းတွေနဲ့ လွမ်းတတ်ကြမလား
တွေးမိတဲ့ ခဏ ငါငိုနေပြီ.....
by salaichinlay